東京外国語大学言語モジュール

ビルマ語発音
ဟုတ်ကဲ့၊ ရန်ကုန်ဆေးခန်းကပါ။houʔkɛ̂, yàɴɡòuɴ-sʰéɡáɴ-ɡâ-bà.
အမိန့်ရှိပါ၊ ရှင်။ʔămêiɴ ʃî-bà, ʃìɴ.
ဟယ်လို၊ ဒီနေ့ သွားဆရာဝန် ဒေါက်တာ ဦးမြဝင်း အချိန် ရှိသလားလို့ပါ။hɛ̀lò, dìnê t̪wásʰăyàwùɴ dàuʔtà ʔú-myâwíɴ-ʔăcʰèiɴ ʃî-d̪ă-lá-lô-bà.
ကျွန်တော် သွား အရမ်း ကိုက်နေလို့. …cănɔ̀ t̪wá ʔăyáɴ kaiʔ-nè-lô ...
ဒီနေ့ ဆရာဦးမြဝင်း နားရက်ပါ။dìnê sʰăyà ʔú-myâwíɴ náyɛʔ-pà.
ဒီနေ့ ပြမှဖြစ်မယ်ဆိုရင်တော့ ညနေ လေးနာရီက ခြောက်နာရီအထိမှာ သွားအထူးကုပါမောက္ခ ဒေါက်တာ ဦးစိုင်း အချိန်ရှိပါတယ်။dìnê pyâ-hmâ pʰyiʔ-mɛ̀ sʰò-yìɴ-dɔ̂ ɲânè lé-nàyì-ɡâ cʰauʔ-nàyì-ʔătʰî-hmà t̪wá-ʔătʰú-kú pàmauʔkʰâ dàuʔtà ʔú-sáiɴ ʔăcʰèiɴ ʃî-bà-dɛ̀.
ကျွန်တော်က ဆရာဦးမြဝင်းနဲ့ ပြနေကျပါ ခင်ဗျ။cănɔ̀-ɡâ sʰăyà ʔú-myâwíɴ-nɛ̂ pyâ-nèjâ-bà, kʰămyâ.
ကျွန်မတို့ဆေးခန်းမှာ ဆရာဦးမြဝင်းက အင်္ဂါ၊ ကြာသပတေး ၂ ရက်ပဲ ထိုင်ပါတယ်။cămâ-dô-sʰéɡáɴ-hmà sʰăyà ʔú-myâwíɴ-ɡâ ʔìɴɡà, càd̪àbădé hnă-yɛʔ-pɛ́ tʰàiɴ-bà-dɛ̀.
ဒီနေ့ စနေနေ့ဆိုတော့ ဆရာ ထိုင်မယ့်ရက်က တော်တော်လိုပါသေးတယ်။dìnê sănènê sʰò-dɔ̂ sʰăyà tʰàiɴ-mɛ̂ yɛʔ-kâ tɔ̀dɔ̀ lò-bà-d̪é-dɛ̀.
အရေးကြီးရင် တခြားဆေးခန်းမှာ ထိုင်တဲ့အချိန်ကို တစ်ချက်လောက် စုံစမ်းကြည့်ပါလား။ʔăyé-cí-yìɴ tăcʰá-sʰéɡáɴ-hmà tʰàiɴ-dɛ̂ ʔăcʰèiɴ-ɡò tăcʰɛʔ-lauʔ sòuɴzáɴ-cî-bàlá.
ရပါတယ်၊ မစုံစမ်းတော့ပါဘူး။yâ-bà-dɛ̀, mă-sòuɴzáɴ-dɔ̂-bà-bú.
ဒီနေ့ ရှိတဲ့ ဆရာနဲ့ပဲ ပြတော့မယ်။dìnê ʃî-dɛ̂ sʰăyà-nɛ̂-bɛ̂ pyâ-dɔ̂-mɛ̀.
ကြိုတင် တုံကင် ယူဖို့ လိုပါသလား ခင်ဗျ။còtìɴ tòuɴkìɴ yù-bô lò-bà-d̪ă-lá, kʰămyâ.
လိုပါတယ်။lò-bà-dɛ̀.
နာမည်လေး တစ်ဆိတ်လောက် ပြောပေးပါ။nàmɛ̀-lé tăsʰeiʔ-lauʔ pyɔ́-pé-bà.
မောင်လွင်လို့ ခေါ်ပါတယ်။màuɴ-lwìɴ-lô kʰɔ̀-bà-dɛ̀.
လေးနာရီခွဲလောက် ဆေးခန်းကို အရောက် လာခဲ့ပေးပါ။lé-nàyìɡwɛ́-lauʔ sʰéɡáɴ-ɡò ʔăyauʔ là-ɡɛ̂-pé-bà.
ဟုတ်ကဲ့ပါ။houʔkɛ̂bà.
ကျေးဇူးတင်ပါတယ်။cézú-tìɴ-bà-dɛ̀.