|
Burmese | Pronunciation | |
ဟုတ်ကဲ့၊ ရန်ကုန်ဆေးခန်းကပါ။ | houʔkɛ̂, yàɴɡòuɴ-sʰéɡáɴ-ɡâ-bà. | |
အမိန့်ရှိပါ၊ ရှင်။ | ʔămêiɴ ʃî-bà, ʃìɴ. | |
ဟယ်လို၊ ဒီနေ့ သွားဆရာဝန် ဒေါက်တာ ဦးမြဝင်း အချိန် ရှိသလားလို့ပါ။ | hɛ̀lò, dìnê t̪wásʰăyàwùɴ dàuʔtà ʔú-myâwíɴ-ʔăcʰèiɴ ʃî-d̪ă-lá-lô-bà. | |
ကျွန်တော် သွား အရမ်း ကိုက်နေလို့. … | cănɔ̀ t̪wá ʔăyáɴ kaiʔ-nè-lô ... | |
ဒီနေ့ ဆရာဦးမြဝင်း နားရက်ပါ။ | dìnê sʰăyà ʔú-myâwíɴ náyɛʔ-pà. | |
ဒီနေ့ ပြမှဖြစ်မယ်ဆိုရင်တော့ ညနေ လေးနာရီက ခြောက်နာရီအထိမှာ သွားအထူးကုပါမောက္ခ ဒေါက်တာ ဦးစိုင်း အချိန်ရှိပါတယ်။ | dìnê pyâ-hmâ pʰyiʔ-mɛ̀ sʰò-yìɴ-dɔ̂ ɲânè lé-nàyì-ɡâ cʰauʔ-nàyì-ʔătʰî-hmà t̪wá-ʔătʰú-kú pàmauʔkʰâ dàuʔtà ʔú-sáiɴ ʔăcʰèiɴ ʃî-bà-dɛ̀. | |
ကျွန်တော်က ဆရာဦးမြဝင်းနဲ့ ပြနေကျပါ ခင်ဗျ။ | cănɔ̀-ɡâ sʰăyà ʔú-myâwíɴ-nɛ̂ pyâ-nèjâ-bà, kʰămyâ. | |
ကျွန်မတို့ဆေးခန်းမှာ ဆရာဦးမြဝင်းက အင်္ဂါ၊ ကြာသပတေး ၂ ရက်ပဲ ထိုင်ပါတယ်။ | cămâ-dô-sʰéɡáɴ-hmà sʰăyà ʔú-myâwíɴ-ɡâ ʔìɴɡà, càd̪àbădé hnă-yɛʔ-pɛ́ tʰàiɴ-bà-dɛ̀. | |
ဒီနေ့ စနေနေ့ဆိုတော့ ဆရာ ထိုင်မယ့်ရက်က တော်တော်လိုပါသေးတယ်။ | dìnê sănènê sʰò-dɔ̂ sʰăyà tʰàiɴ-mɛ̂ yɛʔ-kâ tɔ̀dɔ̀ lò-bà-d̪é-dɛ̀. | |
အရေးကြီးရင် တခြားဆေးခန်းမှာ ထိုင်တဲ့အချိန်ကို တစ်ချက်လောက် စုံစမ်းကြည့်ပါလား။ | ʔăyé-cí-yìɴ tăcʰá-sʰéɡáɴ-hmà tʰàiɴ-dɛ̂ ʔăcʰèiɴ-ɡò tăcʰɛʔ-lauʔ sòuɴzáɴ-cî-bàlá. | |
ရပါတယ်၊ မစုံစမ်းတော့ပါဘူး။ | yâ-bà-dɛ̀, mă-sòuɴzáɴ-dɔ̂-bà-bú. | |
ဒီနေ့ ရှိတဲ့ ဆရာနဲ့ပဲ ပြတော့မယ်။ | dìnê ʃî-dɛ̂ sʰăyà-nɛ̂-bɛ̂ pyâ-dɔ̂-mɛ̀. | |
ကြိုတင် တုံကင် ယူဖို့ လိုပါသလား ခင်ဗျ။ | còtìɴ tòuɴkìɴ yù-bô lò-bà-d̪ă-lá, kʰămyâ. | |
လိုပါတယ်။ | lò-bà-dɛ̀. | |
နာမည်လေး တစ်ဆိတ်လောက် ပြောပေးပါ။ | nàmɛ̀-lé tăsʰeiʔ-lauʔ pyɔ́-pé-bà. | |
မောင်လွင်လို့ ခေါ်ပါတယ်။ | màuɴ-lwìɴ-lô kʰɔ̀-bà-dɛ̀. | |
လေးနာရီခွဲလောက် ဆေးခန်းကို အရောက် လာခဲ့ပေးပါ။ | lé-nàyìɡwɛ́-lauʔ sʰéɡáɴ-ɡò ʔăyauʔ là-ɡɛ̂-pé-bà. | |
ဟုတ်ကဲ့ပါ။ | houʔkɛ̂bà. | |
ကျေးဇူးတင်ပါတယ်။ | cézú-tìɴ-bà-dɛ̀. |