東京外国語大学言語モジュール

A
ဟုတ်ကဲ့၊ ရန်ကုန်ဆေးခန်းကပါ။
はい、ヤンゴン・クリニックです。
အမိန့်ရှိပါ၊ ရှင်။
ご用件をどうぞ。
B
ဟယ်လို၊ ဒီနေ့ သွားဆရာဝန် ဒေါက်တာ ဦးမြဝင်း အချိန် ရှိသလားလို့ပါ။
もしもし、今日は歯科のウー・ミャウィン先生の診察はありますか?
ကျွန်တော် သွား အရမ်း ကိုက်နေလို့. …
歯がすごく痛むんです…。
A
ဒီနေ့ ဆရာဦးမြဝင်း နားရက်ပါ။
今日はウー・ミャウィン先生はお休みです。
ဒီနေ့ ပြမှဖြစ်မယ်ဆိုရင်တော့ ညနေ လေးနာရီက ခြောက်နာရီအထိမှာ သွားအထူးကုပါမောက္ခ ဒေါက်တာ ဦးစိုင်း အချိန်ရှိပါတယ်။
今日どうしても診察を受けたいということでしたら、夕方4時から6時まで、歯科専門医のウー・サイン先生が診察のご担当です。
B
ကျွန်တော်က ဆရာဦးမြဝင်းနဲ့ ပြနေကျပါ ခင်ဗျ။
私はいつもウー・ミャウィン先生に診ていただいているんですよ。
A
ကျွန်မတို့ဆေးခန်းမှာ ဆရာဦးမြဝင်းက အင်္ဂါ၊ ကြာသပတေး ၂ ရက်ပဲ ထိုင်ပါတယ်။
当クリニックではウー・ミャウィン先生の診察日は火曜日と木曜日の二日です。
ဒီနေ့ စနေနေ့ဆိုတော့ ဆရာ ထိုင်မယ့်ရက်က တော်တော်လိုပါသေးတယ်။
今日は土曜日ですから、先生の診療日にはまだあります。
အရေးကြီးရင် တခြားဆေးခန်းမှာ ထိုင်တဲ့အချိန်ကို တစ်ချက်လောက် စုံစမ်းကြည့်ပါလား။
緊急でしたら、どの診療所にいらっしゃるのか、調べてみてはいかがですか?
B
ရပါတယ်၊ မစုံစမ်းတော့ပါဘူး။
いいえ、調べるのはやめておきます。
ဒီနေ့ ရှိတဲ့ ဆရာနဲ့ပဲ ပြတော့မယ်။
今日いらっしゃる先生に診ていただこうと思います。
ကြိုတင် တုံကင် ယူဖို့ လိုပါသလား ခင်ဗျ။
予約札を取っておく必要はありますか?
A
လိုပါတယ်။
必要です。
နာမည်လေး တစ်ဆိတ်လောက် ပြောပေးပါ။
お名前をいただけますか?
B
မောင်လွင်လို့ ခေါ်ပါတယ်။
マウン・ルィンといいます。
A
လေးနာရီခွဲလောက် ဆေးခန်းကို အရောက် လာခဲ့ပေးပါ။
4時半頃にクリニックへいらしたください。
B
ဟုတ်ကဲ့ပါ။
わかりました。
ကျေးဇူးတင်ပါတယ်။
どうもありがとう。

場所: 診療所と外

状況: マウンルィンが診療所に電話して、かかりつけの医者の診療時間について訊ねる