|
Burmese | Pronunciation | |
ဘုရားကို ရောက်ပြီ။ | pʰăyá-ɡò yauʔ-pì. | |
ခရီးသွားအပေါင်းတို့အနေနဲ့ ကားပေါ်မှာ ရှင်းပြတဲ့တားမြစ်ချက်လေးတွေကို နှလုံးမူပြီး ကြည်ညိုသဒ္ဓါ ပွားများကြပါလို့ ထပ်မံတောင်းဆိုပါရစေ။ | kʰăyíd̪wá-ʔăpáuɴ-dô-ʔănènɛ̂ ká-bɔ̀-hmà ʃíɴpyâ-dɛ̂-támyiʔcʰɛʔ-lé-dwè-ɡò hnălóuɴ-mù-pí cìɲò-d̪ădà-pwámyá-jâ-bà-lô tʰaʔmàɴ-táuɴsʰò-băyâzè. | |
အားလုံး ကားပေါ်က ဆင်းနိုင်ပါပြီ။ | ʔálóuɴ ká-bɔ̀-ɡâ sʰíɴ-hnàiɴ-bà-bì. | |
ဘယ်လိုတားမြစ်ချက်တွေပါလဲ ခင်ဗျာ။ | bɛ̀-lò-támyiʔcʰɛʔ-twe-bà-lɛ́, kʰămyá. | |
ခုနက မှေးခနဲ အိပ်ပျော်သွားလို့ မသိလိုက်လို့ပါ။ | ɡŭnâɡâ hmé-ɡănɛ́ ʔeiʔpyɔ̀-t̪wá-lô mă-t̪î-laiʔ-pʰú. | |
ဟုတ်ကဲ့ပါ၊ ကျွန်မတို့ဗုဒ္ဓဘာသာအယူအရ ဘုရားရင်ပြင်တော်နဲ့ ဘုန်းကြီးကျောင်းဝန်းအတွင်းမှာ ဖိနပ်မစီးရဘူးဆိုတဲ့အကြောင်းပါ။ | houʔkɛ̂bà, cămâ-dô bouʔdâbàd̪à-ʔăyù-ʔăyâ pʰăyá-yìɴbyìɴdɔ̀-nɛ̂ pʰóuɴjícáuɴ-wúɴ-ʔătwíɴ-hmà pʰănaʔ mă-sí-yâ-bú sʰò-dɛ̂-ʔăcáuɴ-bà. | |
နောက်ပြီး ဘုရားပေါ်မှာ တရားထိုင်သူတွေလည်း ရှိတော့ အနှောက်အယှက် မဖြစ်အောင် သတိလေး ထားပေးဖို့ပါ။ | nauʔpí pʰăyá-bɔ̀-hmà tăyátʰàiɴd̪ù-twè-lɛ́ ʃî-dɔ̂ ʔăhnauʔʔăʃɛʔ mă-pʰyiʔ-ʔàuɴ d̪ădî-tʰá-pé-bô-bà. | |
ဪ၊ ဒါလား။ | ʔɔ̀, dà-lá. | |
တက္ကသိုလ်မှာတုန်းက ဆရာမ ပြောပြလို့ သိထားပြီးသားပါ။ | tɛʔkăt̪ò-hmà-dóuɴɡâ sʰăyàmâ pyɔ́pyâ-lò t̪î-tʰá-píd̪á-bà. | |
အစ်ကိုက မြန်မာစကားပြောတာ တကယ့်မြန်မာ တစ်ယောက် ကျနေတာပဲ။ | ʔăkò-ɡâ myămà-zăɡá pyɔ́-dà dăɡɛ̂-myămà tă-yauʔ câ-nè-dà-bɛ́. | |
မြန်မာစာလေ့လာတာ ကြာပြီလား။ | myămà lêlà-dà cà-bì-lá. | |
ဟုတ်ကဲ့၊ တိုကျိုနိုင်ငံခြားဘာသာသင်တက္ကသိုလ်က မြန်မာစာအထူးပြုနဲ့ ဘွဲ့ရပြီးသားပါ။ | houʔkɛ̂, tòcònàiɴɡàɴjábàd̪àtìɴtɛʔkăt̪ò-ɡâ myămà-zà-ʔătʰúpyû-nɛ̂ bwɛ̂ yâ-píd̪á-bà. | |
အားကျလိုက်တာ။ | ʔácâ-laiʔtà. | |
ကျွန်မလည်း ဂျပန်စကားကို သွက်သွက်လက်လက် ပြောချင်လိုက်တာ။ | cămâ-lɛ́ jăpàɴ-zăɡá-ɡò t̪uʔt̪uʔlɛʔlɛʔ pyɔ́-cʰìɴ-laiʔtà. | |
ကျွန်တော် ကြားမိတာ ၁ ခု ရှိသေးတယ်။ | cănɔ̀ cá-mî-dà tă-kʰû ʃî-d̪é-dɛ̀. | |
မြန်မာပြည်မှာ ဘုန်းကြီးအရိပ်ကို မနင်းရဘူးဆို။ | myămà-hmà pʰóuɴjí-ʔăyeiʔ-kò mă-níɴ-yâ-bú-sʰò. | |
ဟုတ်တယ် ရှင့်။ | houʔtɛ̀, ʃîɴ. | |
သင်္ကန်းရုံထားတဲ့ဘုန်းကြီးသံဃာဆိုတာ မြတ်စွာဘုရားရဲ့သားတော်တွေပဲလေ။ | t̪ìɴɡáɴ yòuɴ-tʰá-dɛ̂-pʰóuɴjí-t̪àɴɡà sʰò-dà myaʔswàpʰăyá-yɛ̂ t̪ádɔ̀-dwè pʰyiʔ-câ-dɛ̀. | |
ဒါကြောင့် ကြည်ညိုလေးစားတဲ့အနေနဲ့ အရိပ်ကို မနင်းရဘူးလို့ လူကြီးတွေက ပြောကြတယ်။ | dàjâuɴ cìɲò-lézá-dɛ̂-ʔănènɛ̂ ʔăyeiʔ-kò mă-níɴ-yâ-bú-lô lùjí-dwè-ɡâ pyɔ́-jâ-dɛ̀. | |
ကျွန်တော်လည်း ကြားဖူးထားတာနဲ့ ဒီ ရောက်ကတည်းက ဘုန်းကြီးအနားက ဖြတ်သွားရင် အရိပ်ကို မနင်းမိအောင် မနည်းကို လိုက်ရှောင်နေရတယ်။ | cănɔ̀-ɡâ-lɛ́ cá-bú-tʰá-dà-nɛ̂ dì yauʔ-kădɛ́ɡâ pʰóuɴjí-ʔăná-ɡâ pʰyaʔ-t̪wá-yìɴ ʔăyeiʔ-kò mă-níɴ-mî-ʔàuɴ mănɛ́-ɡò laiʔʃàuɴ-nè-yâ-dɛ̀. | |
အဲဒီ့လောက်ထိ ရှောင်စရာမလိုပါဘူး ရှင်။ | ʔɛ́dî-lauʔ-tʰî ʃàuɴ-zăyà mă-lò-bà-bú, byâ. | |
မနင်းမိအောင် ခဏလောက် ရပ်ပေးလိုက်ရင် အရိပ်က သူ့ဟာသူ ကျော်သွားမှာပါ။ | mă-níɴ-mî-ʔàuɴ kʰănâ-lauʔ yaʔ-pé-laiʔ-yìɴ ʔăyeiʔ-kâ t̪û-hà-t̪ù cɔ́-t̪wá-hmà-bà. | |
ဟုတ်သားပဲ။ | houʔt̪ábɛ́. | |
ကျွန်တော် လုံးဝ မစဉ်းစားမိဘူး။ | cănɔ̀ lóuɴwâ mă-síɴzá-mî-bú. |