東京外国語大学言語モジュール

ビルマ語発音
ဘုရားကို ရောက်ပြီ။pʰăyá-ɡò yauʔ-pì.
ခရီးသွားအပေါင်းတို့အနေနဲ့ ကားပေါ်မှာ ရှင်းပြတဲ့တားမြစ်ချက်လေးတွေကို နှလုံးမူပြီး ကြည်ညိုသဒ္ဓါ ပွားများကြပါလို့ ထပ်မံတောင်းဆိုပါရစေ။kʰăyíd̪wá-ʔăpáuɴ-dô-ʔănènɛ̂ ká-bɔ̀-hmà ʃíɴpyâ-dɛ̂-támyiʔcʰɛʔ-lé-dwè-ɡò hnălóuɴ-mù-pí cìɲò-d̪ădà-pwámyá-jâ-bà-lô tʰaʔmàɴ-táuɴsʰò-băyâzè.
အားလုံး ကားပေါ်က ဆင်းနိုင်ပါပြီ။ʔálóuɴ ká-bɔ̀-ɡâ sʰíɴ-hnàiɴ-bà-bì.
ဘယ်လိုတားမြစ်ချက်တွေပါလဲ ခင်ဗျာ။bɛ̀-lò-támyiʔcʰɛʔ-twe-bà-lɛ́, kʰămyá.
ခုနက မှေးခနဲ အိပ်ပျော်သွားလို့ မသိလိုက်လို့ပါ။ɡŭnâɡâ hmé-ɡănɛ́ ʔeiʔpyɔ̀-t̪wá-lô mă-t̪î-laiʔ-pʰú.
ဟုတ်ကဲ့ပါ၊ ကျွန်မတို့ဗုဒ္ဓဘာသာအယူအရ ဘုရားရင်ပြင်တော်နဲ့ ဘုန်းကြီးကျောင်းဝန်းအတွင်းမှာ ဖိနပ်မစီးရဘူးဆိုတဲ့အကြောင်းပါ။houʔkɛ̂bà, cămâ-dô bouʔdâbàd̪à-ʔăyù-ʔăyâ pʰăyá-yìɴbyìɴdɔ̀-nɛ̂ pʰóuɴjícáuɴ-wúɴ-ʔătwíɴ-hmà pʰănaʔ mă-sí-yâ-bú sʰò-dɛ̂-ʔăcáuɴ-bà.
နောက်ပြီး ဘုရားပေါ်မှာ တရားထိုင်သူတွေလည်း ရှိတော့ အနှောက်အယှက် မဖြစ်အောင် သတိလေး ထားပေးဖို့ပါ။nauʔpí pʰăyá-bɔ̀-hmà tăyátʰàiɴd̪ù-twè-lɛ́ ʃî-dɔ̂ ʔăhnauʔʔăʃɛʔ mă-pʰyiʔ-ʔàuɴ d̪ădî-tʰá-pé-bô-bà.
ဪ၊ ဒါလား။ʔɔ̀, dà-lá.
တက္ကသိုလ်မှာတုန်းက ဆရာမ ပြောပြလို့ သိထားပြီးသားပါ။tɛʔkăt̪ò-hmà-dóuɴɡâ sʰăyàmâ pyɔ́pyâ-lò t̪î-tʰá-píd̪á-bà.
အစ်ကိုက မြန်မာစကားပြောတာ တကယ့်မြန်မာ တစ်ယောက် ကျနေတာပဲ။ʔăkò-ɡâ myămà-zăɡá pyɔ́-dà dăɡɛ̂-myămà tă-yauʔ câ-nè-dà-bɛ́.
မြန်မာစာလေ့လာတာ ကြာပြီလား။myămà lêlà-dà cà-bì-lá.
ဟုတ်ကဲ့၊ တိုကျိုနိုင်ငံခြားဘာသာသင်တက္ကသိုလ်က မြန်မာစာအထူးပြုနဲ့ ဘွဲ့ရပြီးသားပါ။houʔkɛ̂, tòcònàiɴɡàɴjábàd̪àtìɴtɛʔkăt̪ò-ɡâ myămà-zà-ʔătʰúpyû-nɛ̂ bwɛ̂ yâ-píd̪á-bà.
အားကျလိုက်တာ။ʔácâ-laiʔtà.
ကျွန်မလည်း ဂျပန်စကားကို သွက်သွက်လက်လက် ပြောချင်လိုက်တာ။cămâ-lɛ́ jăpàɴ-zăɡá-ɡò t̪uʔt̪uʔlɛʔlɛʔ pyɔ́-cʰìɴ-laiʔtà.
ကျွန်တော် ကြားမိတာ ၁ ခု ရှိသေးတယ်။cănɔ̀ cá-mî-dà tă-kʰû ʃî-d̪é-dɛ̀.
မြန်မာပြည်မှာ ဘုန်းကြီးအရိပ်ကို မနင်းရဘူးဆို။myămà-hmà pʰóuɴjí-ʔăyeiʔ-kò mă-níɴ-yâ-bú-sʰò.
ဟုတ်တယ် ရှင့်။houʔtɛ̀, ʃîɴ.
သင်္ကန်းရုံထားတဲ့ဘုန်းကြီးသံဃာဆိုတာ မြတ်စွာဘုရားရဲ့သားတော်တွေပဲလေ။t̪ìɴɡáɴ yòuɴ-tʰá-dɛ̂-pʰóuɴjí-t̪àɴɡà sʰò-dà myaʔswàpʰăyá-yɛ̂ t̪ádɔ̀-dwè pʰyiʔ-câ-dɛ̀.
ဒါကြောင့် ကြည်ညိုလေးစားတဲ့အနေနဲ့ အရိပ်ကို မနင်းရဘူးလို့ လူကြီးတွေက ပြောကြတယ်။dàjâuɴ cìɲò-lézá-dɛ̂-ʔănènɛ̂ ʔăyeiʔ-kò mă-níɴ-yâ-bú-lô lùjí-dwè-ɡâ pyɔ́-jâ-dɛ̀.
ကျွန်တော်လည်း ကြားဖူးထားတာနဲ့ ဒီ ရောက်ကတည်းက ဘုန်းကြီးအနားက ဖြတ်သွားရင် အရိပ်ကို မနင်းမိအောင် မနည်းကို လိုက်ရှောင်နေရတယ်။cănɔ̀-ɡâ-lɛ́ cá-bú-tʰá-dà-nɛ̂ dì yauʔ-kădɛ́ɡâ pʰóuɴjí-ʔăná-ɡâ pʰyaʔ-t̪wá-yìɴ ʔăyeiʔ-kò mă-níɴ-mî-ʔàuɴ mănɛ́-ɡò laiʔʃàuɴ-nè-yâ-dɛ̀.
အဲဒီ့လောက်ထိ ရှောင်စရာမလိုပါဘူး ရှင်။ʔɛ́dî-lauʔ-tʰî ʃàuɴ-zăyà mă-lò-bà-bú, byâ.
မနင်းမိအောင် ခဏလောက် ရပ်ပေးလိုက်ရင် အရိပ်က သူ့ဟာသူ ကျော်သွားမှာပါ။mă-níɴ-mî-ʔàuɴ kʰănâ-lauʔ yaʔ-pé-laiʔ-yìɴ ʔăyeiʔ-kâ t̪û-hà-t̪ù cɔ́-t̪wá-hmà-bà.
ဟုတ်သားပဲ။houʔt̪ábɛ́.
ကျွန်တော် လုံးဝ မစဉ်းစားမိဘူး။cănɔ̀ lóuɴwâ mă-síɴzá-mî-bú.