|
Burmese | Pronunciation | |
အားလုံး မင်္ဂလာပါ။ | ʔálóuɴ mìɴɡălàbà. | |
ဒီတစ်ပတ်ပြီးရင် နွေရာသီကျောင်းပိတ်ပြီနော်။ | dì-dăpaʔ pí-yìɴ nwèyàd̪ì cáuɴ peiʔ-pì-nɔ̀. | |
မင်းတို့တွေ ဒီနှစ်နွေရာသီမှာ ဘာလုပ်မယ်လို့ စိတ်ကူးထားကြလဲ။ | míɴ-dô-dwè dìhniʔ-nwèyàd̪ì-hmà bà louʔ-pʰô seiʔ-kú-tʰá-jâ-lɛ́. | |
ကျွန်တော် အင်္ဂလိပ်စာသင်တန်းတက်ဖို့ကြို တင်စာရင်းသွင်းထားပြီးပါပြီ။ | cănɔ̀ ʔíɴɡăleiʔsà-t̪ìɴdáɴ tɛʔ-pʰô còtìɴ săyíɴ t̪wá-tʰá-pí-bà-bì. | |
တယ်ဟုတ်ပါလား။ | tɛ̀-houʔpàlá. | |
ကဲ၊ သီတာကရော၊ ပြောပြပါဦး။ | kɛ́, t̪ìdà-ɡâ-yɔ́, pyɔ́pyâ-bà-ʔóuɴ. | |
သမီးကဘိုးဘိုးဘွားဘွားတို့ရွာကို သွားလည်မယ်။ | t̪ămí-ɡâ bóbó-bwábwá-dô-ywà-ɡò t̪wá-lɛ̀-mɛ̀. | |
ရွာမှာ ဇီးပင်၊ သရက်ပင်တွေ အများကြီးနဲ့ ပျော်စရာ အရမ်းကောင်းတာပဲ။ | ywà-hmà zí-bìɴ, t̪ăyɛʔ-pìɴ-dwè ʔămyájí-nɛ̂ pyɔ̀-zăyà ʔăyáɴ káuɴ-dà-bɛ́. | |
ဟုတ်ပြီ၊ ဆရာမ မင်းတို့ကို တစ်ခုတော့ သတိပေးလိုက်ချင်တယ်ကွဲ့။ | houʔ-pì, sʰăyàmâ míɴ-dô-ɡò tă-kʰû-dɔ̂ d̪ădî-pé-laiʔ-cʰìɴ-dɛ̀-kwɛ̂. | |
ကျောင်းပိတ်ရက်ကို ဘယ်လို ဖြတ်သန်းပြီး၊ ဘယ်လို အတွေ့အကြုံတွေရခဲ့တယ်ဆိုတာကို ကျောင်းပြန်ဖွင့်ရင် စာစီစာကုံးရေးခိုင်းမှာနော်။ | cáuɴpeiʔyɛʔ-kò bɛ̀-lò pʰyaʔt̪áɴ-pí, bɛ̀-lò ʔatwêʔăcòuɴ-dwè yâ-ɡɛ̂-dɛ̀ sʰò-dà-ɡò cáuɴ pyàɴ-pʰwîɴ-yìɴ sàzìsàɡóuɴ yé-kʰáiɴ-hmà-nɔ̀. | |
ဟာ ...။ | hà … | |
ဘယ်လိုဖြစ်ကုန်ကြတာတုံး။ | bɛ̀-lò pʰyiʔ-kòuɴ-jâ-dà-dóuɴ. | |
အခု ဆရာမကို ပြောပြသလိုမျိုးပဲ စိတ်ထဲမှာ ရှိတဲ့အကြောင်းအရာကို စာရွက်ပေါ်မှာ ချရေးလိုက်ရုံပဲဟာကို။ | ʔăkʰû sʰăyàmâ-ɡò pyɔ́pyâ-d̪ălò-myó-bɛ́ seiʔ-tʰɛ́-hmà ʃî-dɛ̂ ʔăcáuɴʔăyà-ɡò sàywɛʔ-pɔ̀-hmà cʰâ-yé-laiʔ-yòuɴ-bɛ́-hà-ɡò. | |
ဟုတ် .....။ | houʔ ... |