東京外国語大学言語モジュール

ビルマ語発音
အားလုံး မင်္ဂလာပါ။ʔálóuɴ mìɴɡălàbà.
ဒီတစ်ပတ်ပြီးရင် နွေရာသီကျောင်းပိတ်ပြီနော်။dì-dăpaʔ pí-yìɴ nwèyàd̪ì cáuɴ peiʔ-pì-nɔ̀.
မင်းတို့တွေ ဒီနှစ်နွေရာသီမှာ ဘာလုပ်မယ်လို့ စိတ်ကူးထားကြလဲ။míɴ-dô-dwè dìhniʔ-nwèyàd̪ì-hmà bà louʔ-pʰô seiʔ-kú-tʰá-jâ-lɛ́.
ကျွန်တော် အင်္ဂလိပ်စာသင်တန်းတက်ဖို့ကြို တင်စာရင်းသွင်းထားပြီးပါပြီ။cănɔ̀ ʔíɴɡăleiʔsà-t̪ìɴdáɴ tɛʔ-pʰô còtìɴ săyíɴ t̪wá-tʰá-pí-bà-bì.
တယ်ဟုတ်ပါလား။tɛ̀-houʔpàlá.
ကဲ၊ သီတာကရော၊ ပြောပြပါဦး။kɛ́, t̪ìdà-ɡâ-yɔ́, pyɔ́pyâ-bà-ʔóuɴ.
သမီးကဘိုးဘိုးဘွားဘွားတို့ရွာကို သွားလည်မယ်။t̪ămí-ɡâ bóbó-bwábwá-dô-ywà-ɡò t̪wá-lɛ̀-mɛ̀.
ရွာမှာ ဇီးပင်၊ သရက်ပင်တွေ အများကြီးနဲ့ ပျော်စရာ အရမ်းကောင်းတာပဲ။ywà-hmà zí-bìɴ, t̪ăyɛʔ-pìɴ-dwè ʔămyájí-nɛ̂ pyɔ̀-zăyà ʔăyáɴ káuɴ-dà-bɛ́.
ဟုတ်ပြီ၊ ဆရာမ မင်းတို့ကို တစ်ခုတော့ သတိပေးလိုက်ချင်တယ်ကွဲ့။houʔ-pì, sʰăyàmâ míɴ-dô-ɡò tă-kʰû-dɔ̂ d̪ădî-pé-laiʔ-cʰìɴ-dɛ̀-kwɛ̂.
ကျောင်းပိတ်ရက်ကို ဘယ်လို ဖြတ်သန်းပြီး၊ ဘယ်လို အတွေ့အကြုံတွေရခဲ့တယ်ဆိုတာကို ကျောင်းပြန်ဖွင့်ရင် စာစီစာကုံးရေးခိုင်းမှာနော်။cáuɴpeiʔyɛʔ-kò bɛ̀-lò pʰyaʔt̪áɴ-pí, bɛ̀-lò ʔatwêʔăcòuɴ-dwè yâ-ɡɛ̂-dɛ̀ sʰò-dà-ɡò cáuɴ pyàɴ-pʰwîɴ-yìɴ sàzìsàɡóuɴ yé-kʰáiɴ-hmà-nɔ̀.
ဟာ ...။hà …
ဘယ်လိုဖြစ်ကုန်ကြတာတုံး။bɛ̀-lò pʰyiʔ-kòuɴ-jâ-dà-dóuɴ.
အခု ဆရာမကို ပြောပြသလိုမျိုးပဲ စိတ်ထဲမှာ ရှိတဲ့အကြောင်းအရာကို စာရွက်ပေါ်မှာ ချရေးလိုက်ရုံပဲဟာကို။ʔăkʰû sʰăyàmâ-ɡò pyɔ́pyâ-d̪ălò-myó-bɛ́ seiʔ-tʰɛ́-hmà ʃî-dɛ̂ ʔăcáuɴʔăyà-ɡò sàywɛʔ-pɔ̀-hmà cʰâ-yé-laiʔ-yòuɴ-bɛ́-hà-ɡò.
ဟုတ် .....။houʔ ...