တိုကျိုနိုင်ငံခြားပညာရပ်များလေ့လာရေးတက္ကသိုလ် ဘာသာစကားမော်ဂျူး

အသုံးပြုရန် လမ်းညွှန်

အခြေခံဝေါဟာရများလေ့ကျင့်ခြင်း

ဆက်တင်အနေအထားနှင့်အနက်အဓိပ္ပာယ်အမျိုးအစားအလိုက်စုစည်းထားသောစကားလုံးများကို လေ့လာနိုင်မည်ဖြစ်ပါသည်။ ၁၀လုံးစီမျှသောစကားလုံးအသီးသီးတို့ကိုလေ့လာပြီးနောက် လေ့ကျင့်ခန်းမေးခွန်းများကိုဆက်လက်လေ့လာရန် စီစဉ်ထားပါသည်။ဝေါဟာရစွမ်းရည်တိုးတက်စေရန်အတွက်“passive learning”နှင့်“active learning”ဟူသောနည်း၂မျိုးအားကျင့်သုံးလေ့ရှိသည်နှင့်အညီ၊ ၎င်းစွမ်းရည်များကိုလေ့ကျင့်ပျိုးထောင်နိုင်ရန်ရည်ရွယ်၍ ဤကဏ္ဍတွင်လေ့ကျင့်ခန်းမေးခွန်း၂မျိုးကို စီစဉ်ထားပါသည်။

နားထောင်၍နားလည်နိုင်သည်
အသံထွက်နှင့်အနက်အဓိပ္ပာယ်များကိုနားလည်တတ်မြောက်၍ အနက်တူစကားလုံးနှင့်ဆန့်ကျင့်ဘက်အနက်စကားလုံးများကိုလေ့လာသင်ယူပြီး၊စကားလုံးတစ်ခုကိုတွေ့ရုံမြင်ရုံနှင့်အနက်အဓိပ္ပာယ်ကိုပြန်လည်သတိရလာစေနိုင်မည့်စွမ်းရည်ကို ပျိုးထောင်ပေးမည်ဖြစ်ပါသည်။

လက်တွေ့အသုံးပြုခြင်း
စကားလုံးတစ်ခုနှင့်တစ်ခုချိတ်ဆက်ခြင်းကိုသင်ယူ၍ဆီလျော်သောဆက်တင်အနေအထားအတွင်း၌မှန်ကန်သောစကားလုံးကိုအသုံးပြုနိုင်မည့်စွမ်းရည်မျိုးကိုပျိုးထောင်ပေးမည်။

ဝေါဟာရများကိုအမျိုးအစားအလိုက်ရှာရန်

“ဝေါဟာရအမျိုးအစားပြဇယား(Bunrui Goihyo)”ကိုအခြေခံ၍ဝေါဟာရများကိုကဏ္ဍအလိုက်အနက်အဓိပ္ပာယ်ခွဲခြား၍ဖော်ပြထားသဖြင့်“ဝေါဟာရပဒေသာကျမ်း(thesauruses)”အဖြစ်ဖြင့်အလွယ်တကူရှာနိုင်မည်ဖြစ်ပါသည်။

စာလုံးရှာရန်

အစ စကားလုံးဖြင့် ရှာနိုင်ပါသည်။

စကားလုံးရှာရန်

ရှေ့ပိုင်းစကားလုံး၊နောက်ပိုင်းစကားလုံး၊စာလုံးပေါင်းအတိအကျသို့မဟုတ်စကားလုံး၏တစ်စိတ်တစ်ပိုင်းဖြင့်ရှာနိုင်ပါသည်။

  1. ရှေ့ပိုင်းစကားလုံး:[a] ဖြင့်ရှာရန် → [apple] သို့မဟုတ် [apricot] တို့ကိုရှာနိုင်ပါသည်။
  2. နောက်ပိုင်းစကားလုံး:[a] ဖြင့်ရှာရန် → [banana] သို့မဟုတ် [guava] တို့ကိုရှာနိုင်ပါသည်။
  3. စာလုံးပေါင်းအတိအကျ:[orange] ဖြင့်ရှာရန် → [orange] တို့ကိုရှာနိုင်ပါသည်။
  4. စကားလုံး၏တစ်စိတ်တစ်ပိုင်း:[ra] ဖြင့်ရှာရန် → [grape] သို့မဟုတ် [orange] တို့ကိုရှာနိုင်ပါသည်။