တစ်ဆိတ်လောက် မေးပါရစေ။
ဒီအဆောင်က မြန်မာစာမေဂျာအဆောင်လား ခင်ဗျာ။
ဟုတ်ကဲ့၊ အဆောင်ကတော့ ဟုတ်ပါတယ်။
ကျွန်မတို့လည်း အခုမှ ပထမနှစ် စတက်မှာဆိုတော့ အခန်းလိုက်ရှာနေတာ။
တော့
:~すると、~したところ〈場面〉、~なので〈理由〉
ဆိုတော့
:~というと;~だから;~ということで(あって)
လိုက်
:従う;まねして~する、一緒に~する、片っ端から~する
တွေ့ပြီ၊ တွေ့ပြီ။
ဒီအခန်းပဲ။
ဒါဆို ကျွန်တော်တို့ အားလုံး ကျောင်းသားသစ်တွေပဲပေါ့။
ကျောင်းသား
:学生、生徒、児童(総称的に);男子学生、男子生徒、男子児童
ကျွန်တော့်နာမည် အာကာလို့ ခေါ်ပါတယ်။
ကျွန်တော့်
:私[男性用語]を、私[男性用語]に〈対格〉;私[男性用語]の〈属格〉
ခေါ်
:呼ぶ(声をかける)、呼ぶ(誘う)、~という名である
နာမည် ~လို့ ခေါ်ပါတယ်
:名前は~といいます。
ရင်းရင်းနှီးနှီးဆက်ဆံနိုင်ပါတယ်။
နိုင်
:~できる、~し得る〈可能性〉;~してよい〈許可〉
ဟုတ်ကဲ့ပါ၊
ကျွန်မနာမည် သီရိပါ။
ကျွန်မက မာလာပါ။
အားလုံး ရန်ကုန်ကပဲလား။
ဟုတ်ကဲ့၊ ဒီကကော။
ဒီကကော
:こちらの方/あなたは(どうですか)?
ကျွန်တော်ကတော့ နယ်ကလာတာပါ။
ရန်ကုန်ရောက်တာ တစ်ပတ်ပဲ ရှိသေးတယ်။
ရှိ
:ある、いる;(時間が)経つ、(年齢、年数に)なる
သီရိနဲ့ မာလာက ကျွန်တော့်အတွက် ပထမဆုံးသူငယ်ချင်းတွေပဲ။
နဲ့
:~と(ともに)〈共格〉:~で(もって)〈具格〉;~を伴って〈随格〉
အတွက်
:~のため(に/の)〈理由・動機〉;~にとって(の)〈基準〉
ကျွန်မတို့လည်း ခင်တတ်ပါတယ်။
တတ်
:~できる〈修得能力〉;~しがちだ、~傾向がある〈傾向・習慣〉
ရန်ကုန်ရောက်တာ မကြာသေးဘူးဆိုတော့ လိုအပ်တာရှိရင် အချိန်မရွေး ပြောပါ။
တတ်နိုင်သလောက် ကူညီပေးရတာပေါ့။
တတ်အားသလောက်
:できるかぎり、できるだけ
ကျေးဇူးတင်ပါတယ်။
တကယ်လည်း ဝမ်းသာပါတယ်။
ဆရာမလာတော့မယ်ထင်တယ်။
တော့
:これから~する、やっと~する、もう~する/しない
အတန်းထဲဝင်ကြရအောင်။