LANG HOME

能力についてたずねる

Back
再生
 
  • ဒီကညီလေးက ဘာသာစကား တော်တော်များများ လေ့လာထားတယ်ဆို။
    あなたは外国語をたくさん勉強しているんだって?
  • အဲဒီလောက်လည်း မဟုတ်ပါဘူး။
    それほどでもありません。
  • ဝါသနာအရ ထမင်းစားရေသောက်၊ တစ်ခွန်းစနှစ်ခွန်းစ သိထားရုံပါ။
    好きだから、日常会話がちょっとわかるぐらいです。
  • ပိုင်ပိုင်နိုင်နိုင် ပြောနိုင်တာ သိပ်မရှိပါဘူး။
    流暢にに話せるのはそれほどありません。
  • လက်တွေ့မှာ ဆိုရင် ဘယ်နှစ်ဘာသာလောက် ကောင်းကောင်း အသုံးချနိုင်သလဲ။
    実際に上手に話せる言葉はいくつぐらいあるの?
  • ဘယ်လိုပြောရမလဲ။
    なんと言ったらいいかなぁ?
  • အင်္ဂလိပ်စာနဲ့၊ တရုတ်စာ၊ နောက်ပြီး အခု လက်ရှိ လေ့လာနေတဲ့ မြန်မာစာပဲ ဆိုပါတော့။
    英語、中国語、それからいま勉強しているビルマ語くらいかなぁ。
  • အားကျလိုက်တာ ငါ့ညီရာ။
    羨ましいなぁ。
  • အစ်ကိုဆို ဒီအသက်အရွယ် ရောက်နေပြီ။
    私なんか、この年になったというのに。
  • မြန်မာလိုက လွဲရင် တခြားဘာဆိုဘာမှ မပြောတတ်ဘူး။
    ビルマ語以外、他は全然話せない。

© 東京外国語大学