東京外国語大学言語モジュール

ビルマ語発音
မငြိမ်း ဘာဖြစ်နေတာလဲ။maʔɲéiɴ, bà pʰyiʔ-nè-dà-lɛ́.
စာအုပ်ကြီးရှေ့ချပြီး မှိုင်လို့ပါလား။sàʔouʔcí ʃêcʰâ--pí hmàiɴ-lô-bàlá.
အင်း၊ တို့က သူများနဲ့ မတူဘူးဆိုတာ စဉ်းစားနေတာ။ʔíɴ, dô-ɡâ t̪ùmyá-nɛ̂ mă-tù-bú sʰò-dà síɴzá-nè-dà.
သူများနဲ့ မတူရအောင် မငြိမ်းက ဘာဖြစ်နေလို့လဲ။t̪ùmyá-nɛ̂ mă-tù-yâ-ʔàuɴ maʔɲéiɴ-ɡâ bà pʰyiʔ-nè-lô-lɛ́.
စာမလိုက်နိုင်တာကို ပြောတာပါ။sà mă-laiʔ-hnàiɴ-dà-ɡò pyɔ́-dà-bà.
စာတွေက တနေ့တခြား ခက်ခက်လာပြီး ပုံမှန်အချိန်မပေးနိုင်တော့ စာကြွေးတွေ ပိနေတယ်လေ။sà-dwè-ɡâ tănêtăcʰá kʰɛʔ-kʰɛʔ-là-pí pòuɴhmàɴ ʔăcʰèiɴ mă-pé-hnàiɴ-dɔ̂ sàjwé-dwè pî-nè-dɛ̀-lè.
ကျောင်းတစ်ဘက်နဲ့ မိဘရဲ့အလုပ်တွေကိုလည်း ဝိုင်းကူရသေးတာဆိုတော့ ကိုယ်ပိုင်စာကြည့်ချိန်တော့ နည်းတာပေါ့။cáuɴ tăpʰɛʔ-nɛ̂ mîbâ-yɛ̂-ʔălouʔ-twè-ɡɔ̀-lɛ́ wáiɴ-kù-yâ-dà sʰòdɔ̂ kòbàiɴ-sàcîjèiɴ-dɔ̂ nɛ́-dà-pɔ̂.
ဒါပေမယ့် ကြိုးစားပေါ့ ဟာ။dàbèmɛ̂ cózá-pɔ̂-hà.
ကြိုးစားတာ အချည်းအနှီး မဖြစ်ပါဘူး။cózá-dà ʔăcʰíʔăhní mă-pʰyiʔ-pà-bú.
အေးပါဟာ။ʔébà-hà.
ကြိုးစားရမှာက ငါ့တာဝန်ပဲဆိုတာ သဘောပေါက်ပါတယ်။cózá-yâ-hmà-ɡâ ŋâ-tàwùɴ-bɛ́ sʰò-dà d̪ăbɔ́-pauʔ-pà-dɛ̀.