|
ビルマ語 | 発音 | |
ဒေါက်တာ ... ကျောင်းသားလူနာအခြေအနေ ဘယ်လိုရှိပါသလဲ ရှင့်။ | dauʔtà --- cáuɴd̪á-lùnà-ʔăcʰèʔănè bɛ̀-lò ʃî-bà-d̪ă-lɛ́, ʃîɴ. | |
ကျွန်မ သူ့အတန်းပိုင်ဆရာမပါ။ | cămâ t̪û-ʔătáɴbàiɴ-sʰăyàmâ-bà. | |
အားပျက်ပြီး မူးလဲသွားတာပါ။ | ʔápyɛʔ-pí múlɛ́-t̪wá-dà-bà. | |
ဆေးသွင်းပေးထားပါတယ်။ | sʰé-t̪wíɴ-tʰá-dà-bà. | |
စိုးရိမ်စရာ မရှိတော့ပါဘူး။ | sóyèiɴ-zăyà mă-ʃî-dɔ̂-bà-bú. | |
တော်ပါသေးရဲ့။ | tɔ́-bà-d̪é-yɛ̂. | |
စာမေးပွဲရက်ကြီးမှာ။ | sàmébwɛ́-yɛʔ-cí-hmà. | |
ကျေးဇူးတင်ပါတယ် ဒေါက်တာ။ | cézú-tìɴ-bà-dɛ̀, dauʔtà. | |
အထူးသဖြင့် အခုလို စာမေးပွဲရက်တွေမှာ ညလုံးပေါက် စာကြည့်တာမျိုးတွေ ရှောင်သင့်ပါတယ်။ | ʔătʰúd̪ăpʰyîɴ ʔăkʰû-lò sàmébwɛ́-yɛʔ-twè-hmà ɲâ-lóuɴ-bauʔ sà cî-dà-myó-dwè ʃàuɴ-d̪îɴ-bà-dɛ̀. | |
နဂိုအားနည်းနေရာက အိပ်ရေးပျက်တော့ အခုလို ဆေးရုံဆေးခန်းရောက်တဲ့အထိ ဖြစ်ကုန်ရတာပေါ့။ | năɡò ʔánɛ́nèyà-ɡâ ʔeiʔyé pyɛʔ-tɔ̂ ʔăkʰû-lò sʰéyòuɴ-sʰéɡáɴ yauʔ-tɛ̂-ʔătʰî pʰyiʔ-kòuɴ-dà-pɔ. | |
ဟုတ်တာပေါ့။ | houʔtàpɔ̂. | |
ဆရာမတို့အနေနဲ့လည်း အခါအခွင့် ကြုံကြိုက်တဲ့အခါမျိုးမှာ ကျန်းမာရေး အသိပေးမှုလေးတွေပါ ထည့်သွင်းညွှန်ကြားပေးစေလိုပါတယ်။ | sʰăyàmâ-dô-ʔănènɛ̂-lɛ́ ʔăkʰàʔăkʰwîɴ còuɴcaiʔ-tɛ̂-ʔakʰà-myó-hmà cáɴmàyé ʔăt̪îpéhmû-lé-dwè-bà tʰɛ̂t̪wíɴ-hɲùɴcá-pé-zè-lò-bà-dɛ̀. | |
ကျွန်တော်တို့လို ကျန်းမာရေးဝန်ထမ်းတွေထက်စာရင် ဆရာမတို့လိုပညာရေးဝန်ထမ်းတွေက ကျောင်းသူကျောင်းသားတွေနဲ့ ပိုပြီး အထိအတွေ့ရှိတယ်လေ။ | cănɔ̂-dô-lò cáɴmàyéwùɴdáɴ-dwè-dɛʔ sà-yìɴ sʰăyàmâ-dô-lò pyìɴɲàyéwùɴdáɴ-dwè-ɡâ cáuɴd̪ùcáuɴd̪á-dwè-nɛ̂ pòpí ʔătʰîʔătwê ʃî-dɛ̀-lè. | |
ဟုတ်ကဲ့ပါ။ | houʔ-kɛ̂-bà. | |
ကျွန်မတို့လည်း အလျဉ်းသင့်သလို ပညာပေးသွားပါ့မယ်။ | cămâ-dô-lɛ́ ʔălyíɴt̪îɴ-d̪ălò pyìɴɲà-pé-t̪wá-bâ-mɛ̀. |