|
ビルマ語 | 発音 | |
ဘာလိုလိုနဲ့ တို့တတွေ နောက်နှစ်ဆို ကျောင်းပြီးတော့မယ်နော်။ | bàlòlò-nɛ̂ dô-dădwè nauʔhniʔ sʰò cáuɴ pí-dɔ̂-mɛ̀-nɔ̀. | |
ဟုတ်တယ်နော်၊ တွေးကြည့်ရင် စိတ်ထဲမှာ ဝမ်းနည်းဝမ်းသာကြီး။ | houʔ-tɛ̀-nɔ̀, twé-cî-yìɴ seiʔ-tʰɛ́-hmà wúɴnɛ́wúɴt̪à-jí. | |
နောက်အားလုံး ပြန်ဆုံဖို့ဆိုတာ မလွယ်တော့ဘူး။ | nauʔ ʔálóuɴ pyàɴ-sʰòuɴ-bô sʰò-dà mă-lwɛ̀-dɔ̂-bú. | |
ဖိုင်နယ်ရီးယား အမှတ်တရအနေနဲ့ ဘာလုပ်ကြရင် ကောင်းမလဲ။ | fàiɴnɛ̀yíyá-ʔăhmaʔtăyâ-ʔănènɛ̂ bà louʔ-câ-yìɴ káuɴ-mă-lɛ́. | |
တို့လည်း အဲဒါပြောမလို့ပဲ။ | dô-lɛ́ ʔɛ́dà pyɔ́-mălô-bɛ́. | |
အားလုံးအတွက် စရိတ်လည်း သက်သာ၊ ပျော်စရာလည်းကောင်း၊ အမှတ်တရလေးလည်းဖြစ်ပေါ့။ | ʔálóuɴ-ʔătwɛʔ zăyeiʔ-lɛ́ t̪ɛʔt̪à, ʔăhmaʔtăyâ-lɛ́ pʰyiʔ-pɔ. | |
ကျွန်မ စဉ်းစားမိတာတော့ အဓိကက ငွေပဲ။ | cămâ síɴzá-mî-dà-dɔ̂ ʔădîkâ-ɡâ ŋwè-bɛ́. | |
ကောက်ခံရရှိတဲ့ငွေပမာဏပေါ်မူတည်ပြီး လှုပ်ရှားရမှာ မဟုတ်လား။ | kauʔkʰàɴ-yâʃî-dɛ̂ ŋwè-pămànâ-bɔ̀ mùtî-pí hlouʔʃá-ya-hmà măhouʔlá. | |
အတန်းသားတစ်ဦးစီရဲ့ တတ်နိုင်တဲ့ငွေအင်အားပေါ်မူတည်တယ်လေ။ | ʔătáɴd̪á tă-ʔú-zì-yɛ̂ taʔ-hnàiɴ-dɛ̂ ŋwè-ʔìɴʔá-bɔ̀ mùtì-dɛ̀-lè. | |
အင်း ငွေကြေးနဲ့ပတ်သက်လာရင် အကြံပေးရခက်သား။ | ʔíɴ, ŋwèjé-nɛ̂ paʔt̪ɛʔ-là-yìɴ ʔăcàɴ-pé-yâ kʰɛʔ-t̪á. | |
ကျောင်းသားတစ်ဦးကို အနည်းဆုံး ငွေ ၅၀၀၀ သတ်မှတ်ပြီး တတ်နိုင်တဲ့သူက စေတနာအလျောက် ပိုထည့်ချင်ထည့်ဆိုရင်ကော။ | cáuɴd̪á tă-ʔú-ɡò ŋá-dàuɴ t̪aʔhmaʔ-pí taʔ-hnàiɴ-dɛ̂ d̪ù-ɡâ sèdănà-ʔălyauʔ pò-tʰɛ̂-jìɴ tʰɛ̂ sʰò-yìɴ-ɡɔ́. | |
အင်း၊ အဲဒီ့အကြံမဆိုးဘူး။ | ʔíɴ, ʔɛ́dî-ʔăcàɴ mă-sʰó-bú. | |
မနက်ဖြန်အတန်းသားအားလုံးနဲ့ တစ်ချက်လောက် တိုင်ပင်ကြည့်ရင်ကောင်းမယ်။ | mănɛʔpʰyàɴ ʔătáɴd̪á ʔálóuɴ-nɛ̂ tăcʰɛʔlauʔ tàiɴbìɴ-cî-yìɴ káuɴ-mɛ̀. | |
အိုကေ။ | ʔòkɛ̀. | |
အတန်းသားတွေရဲ့ သဘောထားပေါ်မူတည်ပြီး ပြန်လည်ဆွေးနွေးကြတာပေါ့။ | ʔătáɴd̪á-dwè-yɛ̂ d̪ăbɔ́dá-bɔ̀ mùtì-pí pyàɴlɛ̀-sʰwénwé-jâ-dà-pɔ̂. |