|
ビルマ語 | 発音 | |
ဟဲလို။ | hɛ́lò. | |
အစ်ကိုကြီးလား။ | ʔăkòjí-lá. | |
ညီမပါ။ | ɲămâ-bà. | |
ဟိုလေ လာမယ့် အမေ့မွေးနေ့အတွက် ဘာများစီစဉ်ထားသလဲလို့ပါ။ | hòlè, là-mɛ̂ ʔămê-mwénê-ʔătwɛʔ bà-myá sìzìɴ-tʰá-d̪ă-lɛ́-lô-bà. | |
အေး၊ အစ်ကိုကြီးလည်း အဲဒါ မေးမလို့ပဲ။ | ʔé, ʔăkòjí-lɛ́ ʔɛ́dà mé-mălô-bɛ́. | |
အိမ်မှာပဲ ဆရာတော်တွေ ပင့်ပြီး တရားနာရင်ကောင်းမလား။ ဘုန်းကြီးကျောင်းမှာပဲ လုပ်ရင်ကောင်းမလားလို့။ | ʔèiɴ-hmà-bɛ́ sʰăyădɔ̀-dwè pîɴ-pí tăyá-nà-yìɴ káuɴ-mă-lá, pʰóuɴjícáuɴ-hmà-bɛ́ louʔ-yìɴ káuɴ-mă-lá-lô. | |
တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က ဥပုပ်နေ့ကျတော့ ဘုန်းကြီးကျောင်းမှာ ဆွမ်းကျွေးတာ ပိုကောင်းမယ်ထင်တယ်။ | taiʔtaiʔsʰàiɴzàiɴ ʔɛ́dì-nê-ɡâ ʔûbouʔnê câ-dɔ̂ pʰóuɴjícáuɴ-hmà sʰúɴ-cwé-dà pò-káuɴ-mɛ̀-tʰìɴ-dɛ̀, ʔăkòjí. | |
ဟုတ်တယ်နော်။ | houʔ-tɛ̀-nɔ̀. | |
ကျောင်းရှိသံဃာတော်အားလုံးအပြင် ဥပုပ်သည်တွေလည်း ရှိတော့ အမေ့အတွက် ပိုပြီး ဒါနမြောက်တာပေါ့။ | cáuɴ-ʃî-t̪àɴɡàdɔ̀ ʔálóuɴ-ʔăpyìɴ ʔûbouʔd̪ɛ̀-dwè-lɛ́ ʃî-dɔ̂ ʔămê-ʔătwɛʔ pò-pí dànâ-myauʔ-tà-pɔ. | |
အမေ့ဆန္ဒကို တစ်ချက် မေးကြည့်ပြီး အစ်ကိုကြီးဆီ ဖုန်းပြန်ဆက်မယ်နော်။ | ʔămê-sʰàɴdâ-ɡò tăcʰɛʔ mé-cî-pí ʔăkòjí-sʰì pʰóuɴ-pyàɴ-sʰɛʔ-mɛ̀-nɔ̀. | |
အေးအေး၊ သေချာပြီဆိုရင် ဆရာတော်ကို သွားလျှောက်ထားလိုက်မယ်။ | ʔéʔé, t̪èjà-bì sʰò-yìɴ sʰăyădɔ̀-ɡò t̪wá-ʃauʔtʰá-laiʔ-mɛ̀. |