東京外国語大学言語モジュール

A
ဆရာ၊ ကျွန်မ မနက်ဖြန် ဂျပန်ပြန်တော့မှာမို့ ဆရာ့ကို လာနှုတ်ဆက်တာပါ။
先生、私、あした日本へ帰るので、ご挨拶に参りました。
B
မြန်လှချည်လား။
随分と早いなあ。
မနေ့က ဘွဲ့နှင်းသဘင်မှာ ဘွဲ့တက်ယူတာ တွေ့လိုက်တယ်။
きのう卒業式で見たけど。
A
ဟုတ်ပါတယ်၊ ဆရာ။
ええ、そうです。
ဆရာတို့ကျေးဇူးကြောင့် အခုလို အောင်မြင်မှုတွေ ရခဲ့တာပါ။
それもすべて先生方のお陰です。
B
သမီးရဲ့ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုနဲ့လည်း အများကြီးဆိုင်ပါတယ်။
あなた自身も、非常に努力をしたからですよ。
ဂျပန်ပြန်ရောက်သွားတဲ့နောက်ပိုင်းလည်း ဆရာ့ဆီ မေးလ်အဆက်အသွယ်လုပ်ဦးနော်။
日本に帰っても先生にメールしてくださいね。
A
ဟုတ်ကဲ့ပါ၊ ဆရာ။
はい。
ဆက်ဆက်မေးလ်ပို့ပါ့မယ်။
必ずメールします。
B
အေးကွယ်၊ လမ်းခရီးအဆင်ပြေချောမွေ့ပါစေကွယ်။
さあ、では帰りの旅が無事でありますように。
အခုချိန်ကစပြီး လိုအင်ဆန္ဒတွေမတောင့်မတ မကြောင့်မကျဘဲ ပြည့်ဝပါစေကွယ်။
あなたの希望がかないますように。
A
ပေးတဲ့ဆုနဲ့ ပြည့်ပါစေ။
先生がいま言って下さったようになりますように。
ကျွန်မကို ခွင့်ပြုပါဦး။
では失礼致します。
B
ကောင်းပါပြီကွယ်။
わかりました。

場所: 先生の部屋

状況: 日本人学生ミャマーラー(ビルマ名)が留学を終えて帰国する挨拶にウー・テッルィン先生の部屋を訪れる