|
Burmese | Pronunciation | |
ဒီနေ့ ဘာစားရင်ကောင်းမလဲ။ | dìnê bà sá-yìɴ káuɴ-mă-lɛ́. | |
ကျွန်မကတော့ ထုံးစံအတိုင်း ရှမ်းတို့ဟူးကြော် မှာမယ်။ | cămâ-ɡâdɔ̂ tʰóuɴzàɴ-ʔătáiɴ ʃáɴ-tôhújɔ̀ hmà-mɛ̀. | |
ရှမ်းတို့ဟူးကြော် အဲ့လောက်တောင်ပဲ ကြိုက်သလား။ | ʃáɴ-tôhújɔ̀-ɡò ʔɛ̂lauʔ-tàuɴ-bɛ́ caiʔ-t̪ă-lá. | |
အင်း၊ တို့ဟူးကြော်မှ မဟုတ်ဘူး။ | ʔíɴ, tôhújɔ̀-hmâ mă-houʔ-pʰú. | |
အကြော်ဆို အကုန်ကြိုက်တယ်။ | ʔăcɔ̀ sʰò ʔăkòuɴ caiʔ-tɛ̀. | |
အကြော်စုံနဲ့ ထမင်းစားရရင် အရမ်းမြိန်တာပဲ။ | ʔăcɔ̀zòuɴ-nɛ̂ tʰămíɴ sá-yâ-yìɴ ʔăyáɴ mèiɴ-tà-bɛ́. | |
ဟုတ်လား။ | houʔlá. | |
ဒါဆို ဒီတစ်ခါ အင်းယားကန်ဘောင်မှာ ဘူးသီးကြော် အတူသွားစားကြမယ်လေ။ | dàsʰò dì-tăkʰà ʔíɴyákàɴ-bàuɴ-hmà búd̪íjò ʔătù t̪wá-sá-jâ-mɛ̀-lè. | |
ကောင်းတယ်၊ ကောင်းတယ်။ | káuɴ-dɛ̀, káuɴ-dɛ̀. | |
သွားစားကြမယ်။ | t̪wá-sá-jâ-mɛ̀. |