TUFS Language Modules

A
ဒီကညီလေးက ဘာသာစကား တော်တော်များများ လေ့လာထားတယ်ဆို။
あなたは外国語をたくさん勉強しているんだって?
B
အဲဒီလောက်လည်း မဟုတ်ပါဘူး။
それほどでもありません。
ဝါသနာအရ ထမင်းစားရေသောက်၊ တစ်ခွန်းစနှစ်ခွန်းစ သိထားရုံပါ။
好きだから、日常会話がちょっとわかるぐらいです。
ပိုင်ပိုင်နိုင်နိုင် ပြောနိုင်တာ သိပ်မရှိပါဘူး။
流暢にに話せるのはそれほどありません。
A
လက်တွေ့မှာ ဆိုရင် ဘယ်နှစ်ဘာသာလောက် ကောင်းကောင်း အသုံးချနိုင်သလဲ။
実際に上手に話せる言葉はいくつぐらいあるの?
B
ဘယ်လိုပြောရမလဲ။
なんと言ったらいいかなぁ?
အင်္ဂလိပ်စာနဲ့၊ တရုတ်စာ၊ နောက်ပြီး အခု လက်ရှိ လေ့လာနေတဲ့ မြန်မာစာပဲ ဆိုပါတော့။
英語、中国語、それからいま勉強しているビルマ語くらいかなぁ。
A
အားကျလိုက်တာ ငါ့ညီရာ။
羨ましいなぁ。
အစ်ကိုဆို ဒီအသက်အရွယ် ရောက်နေပြီ။
私なんか、この年になったというのに。
မြန်မာလိုက လွဲရင် တခြားဘာဆိုဘာမှ မပြောတတ်ဘူး။
ビルマ語以外、他は全然話せない。

Place: 大学の前

Situation: 年上のミャンマー人が日本人にどれぐらい言葉ができるのか、訊いている