TUFS Language Modules

A
ဆရာမ၊ မင်္ဂလာပါ။
先生、こんにちは。
ကျွန်တော် တန်းခွဲ အေက အာကာရဲ့ ဖခင်ပါ။
私はA組のアーカーの父です。
B
ဪ၊ မောင်အာကာရဲ့အဖေလား။
ああ、マウン・アーカーのお父さんですか。
ကြွပါ၊ ထိုင်ပါ။
どうぞお入りください、お座りください。
A
ကျွန်တော့်သားရဲ့ အခြေအနေလေး သိချင်လို့ပါ။
息子の状況を知りたいと思いまして。
B
ပြောစရာမရှိပါဘူး။
何もありませんよ。
အတန်းသားအားလုံးနဲ့လည်း လိုက်လျောညီထွေနေတတ်တယ်။
クラスの学生ともうまくやっています。
ကျောင်းလှုပ်ရှားမှုတွေမှာလည်း ရှေ့တန်းကနေ အားတက်သရော ပါဝင်တယ်။
学校の活動も積極的に熱心に参加しています。
A
အခုလို ကြားရတာ ဝမ်းသာပါတယ်။
その様に聞いて嬉しく思います。
ကျောင်းစာပိုင်းမှာကော ဘယ်လိုရှိပါသလဲ ခင်ဗျ။
勉強の方はどうでしょうか。
B
ကျောင်းစာပိုင်းမှာလည်း အထူး ပြောစရာ မရှိပါဘူး။
勉強についても特に言うことはありません。
စာသင်ချိန်မှာလည်း အာရုံစူးစိုက်ပြီး နားထောင်တယ်။
授業でも集中して聞いています。
အိမ်စာဆိုလည်း မှန်မှန် ထပ်ပါတယ်။
宿題もきちんと提出しています。
A
အခုလို ကြားရတာ ဝမ်းသာပါတယ်။
その様に聞いて嬉しく思います。
တကယ်တော့ ဒါတွေ အားလုံးဟာ ဆရာဆရာမတို့ရဲ့ ဂုဏ်ကျေးဇူးတွေပါ။
全ては先生方のお陰です。
မိဘတွေနဲ့ ဝေးနေတဲ့အချိန်မှာ အခုလို ဂရုတစိုက် စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူး အများကြီး တင်ပါတယ် ခင်ဗျ။
これも両親のもとを離れている間、先生方が注意深く見守って下さったお陰です、本当にありがとうございます。

Place: 教師の部屋

Situation: 上京した男子学生の父親が担任教員を訪ねて息子の様子を訊く