東京外国語大学言語モジュール

A
ဒီနေ့ မင်းတို့ကို မိတ်ဆက်ပေးစရာ ရှိတယ်။
今日は皆さんに紹介したい人がいます。
B
ဟုတ်ကဲ့ပါ၊ ဆရာမ။
はい、先生。
A
ဒီကကျောင်းသူလေးနာမည်က မမြမာလာတဲ့။
この学生の名前はマ・ミャマーラーです。
ဂျပန်ကနေ ကျောင်းလာတက်တာ။
この学校に日本から留学に来ました。
C
မင်္ဂလာပါ။
こんにちは。
ကျွန်မ တိုကျိုနိုင်ငံခြားဘာသာသင်တက္ကသိုလ်က လာတာပါ။
私は東京外国語大学から来ました。
မာလာလို့ပဲ ရင်းရင်းနှီးနှီး ခေါ်နိုင်ပါတယ်။
気軽にマーラーと呼んでください。
B
အခုကစပြီး ဒီကအတန်းသားအားလုံးကိုလည်း ကိုယ့်ညီအစ်ကိုမောင်နှမတွေလိုပဲ သဘောထားပါ။
今日からクラスのみんなを本当の兄弟とに思ってください。
အကူအညီလိုရင်လည်း အားမနာပါနဲ့။
手伝ってほしいことがあったら、遠慮しないでください。
အခက်အခဲရှိရင်လည်း ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
困ったことがあったら、正直に相談してください。
C
အားလုံးက အခုလို နွေးနွေးထွေးထွေး ကြိုဆိုကြတဲ့အတွက် အလွန်ဝမ်းသာပါတယ်။
みなさんがこんな風に温かく迎えてくれて、嬉しいです。
ကျေးဇူးလည်း အရမ်း တင်ပါတယ်။
本当にありがとう。
A
ကဲကဲ ဟုတ်ပြီ။
さあさあ、もういいですね。
ပညာသင်နှစ်ဆုံးတဲ့တိုင် အားလုံး ခင်ခင်မင်မင်နဲ့ ပျော်ပျော်ပါးပါး ပညာသင်ကြတာပေါ့။
この学年が終わるまで、みんなで仲良く楽しく勉強しましょうね。

場所: 学校の教室

状況: ミャンマーへ留学にやってきた日本人ミャマーラー(ビルマ名)を教師がクラスの学生たちに紹介する。