東京外国語大学言語モジュール

A
မငြိမ်း ဘာဖြစ်နေတာလဲ။
マ・ニェイン、どうしたのよ?
စာအုပ်ကြီးရှေ့ချပြီး မှိုင်လို့ပါလား။
本を前にして、うな垂れてたりして。
B
အင်း၊ တို့က သူများနဲ့ မတူဘူးဆိုတာ စဉ်းစားနေတာ။
ああ、私、他の人とは違うんだってことを考えていたの。
A
သူများနဲ့ မတူရအောင် မငြိမ်းက ဘာဖြစ်နေလို့လဲ။
他人と違うって、どういうこと?
B
စာမလိုက်နိုင်တာကို ပြောတာပါ။
勉強についていけないことを言っているの。
စာတွေက တနေ့တခြား ခက်ခက်လာပြီး ပုံမှန်အချိန်မပေးနိုင်တော့ စာကြွေးတွေ ပိနေတယ်လေ။
勉強の内容も日に日に難しくなってきてるし、勉強時間もちゃんと空けられないし、勉強の遅れも相当たまってきているの。
A
ကျောင်းတစ်ဘက်နဲ့ မိဘရဲ့အလုပ်တွေကိုလည်း ဝိုင်းကူရသေးတာဆိုတော့ ကိုယ်ပိုင်စာကြည့်ချိန်တော့ နည်းတာပေါ့။
学校の他に、親の仕事も手伝っているんだから、勉強時間もなかなか取れなくて当然よ。
ဒါပေမယ့် ကြိုးစားပေါ့ ဟာ။
でも頑張りなさいよ。
ကြိုးစားတာ အချည်းအနှီး မဖြစ်ပါဘူး။
頑張りが無駄になることはないんだから。
B
အေးပါဟာ။
そうよねぇ。
ကြိုးစားရမှာက ငါ့တာဝန်ပဲဆိုတာ သဘောပေါက်ပါတယ်။
努力するのが私の義務だってこと、わかってる。

場所: 教室

状況: 教室でしょげているマ・ニェインに友人が声をかける