東京外国語大学言語モジュール

A
တဆိတ်လောက် ကူညီလို့ရမလား။
ちょっとお願いがあるんですが。
ဘတ်စ်ကားစီးဖို့ တစ်ထောင်တန် အကြွေလေး ဖျက်ချင်လို့ပါ။
バスに乗るのに、1000チャット札を小銭にくずして欲しいんです。
B
ရပါတယ်။
いいですよ。
ဘယ်နှစ်ရွက်လဲချင်လို့လဲ။
何枚両替したいんですか?
A
၁ ရွက်ထဲပါ။
1枚です。
B
တစ်ရာတန်နဲ့ဆို ရလား။
100チャット札でいいですか?
A
ရတော့ရပါတယ်။
いいことはいいいんですけど。
ငါးဆယ်တန်လေး ၂ ရွက်လောက် ပါရင်တော့ ပိုကောင်းမယ်။
50チャット札が2枚ほどあればもっといいのです。
B
ဒီမှာ။
ちょっと見て。
၁၀၀ တန်က ၁ ရွက်၊ ၂ ရွက်၊ ၃ ရွက်၊ ၄ ရွက်၊ ၅ ရွက်၊ ၆ ရွက်၊ ၇ ရွက်၊ ၈ ရွက်၊ ၉ ရွက် နဲ့ ၅၀ တန်က ၁ ရွက်၊ ၂ ရွက် ဆိုတော့ စုစုပေါင်း တစ်ထောင် ဟုတ်ပြီလား။
100チャット札が1枚、2枚、3枚、4枚、5枚、6枚、7枚、8枚、9枚、それから50チャット札が2枚で、合計1000チャット、あってますか?
A
ဟုတ်ကဲ့ပါ။
はい。
ကျေးဇူးအများကြီးတင်ပါတယ်။
本当にありがとう。

場所: バス停近くの露店

状況: ティーリがお金をくずすために露店店主のチョーチョーに声をかける