東京外国語大学言語モジュール

A
ဟေ့ ... ဒီဘက်ကိုလာပါဦး။
ねぇ、こっちに来て。
တို့ဝိုင်းကိုလည်း နည်းနည်း ရှင်းပေးဦး။
このテーブルも片付けて。
ပြီးရင် တစ်ခါတည်းမှာမယ်။
その後すぐに注文もね。
B
ဟုတ်ကဲ့၊ လာပါပြီ ခင်ဗျာ။
はい、すぐ参ります。
ဘာသုံးဆောင်လိုပါသလဲ ခင်ဗျာ။
何をお召し上がりになりますか?
A
ဘာတွေရနိုင်မလဲ။
何があるの?
B
မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ လက်ဖက်ရည်၊ ကော်ဖီ၊ စမူဆာ၊ ပလာတာ၊ အီကြာကွေး၊ နံပြား ...
モヒンガー、オンノカウスェ、紅茶、コーヒー、サムサ、プラター、揚げパン、ナン…
A
တို့ကို မုန့်ဟင်းခါးအလွတ်တစ်ပွဲနဲ့ လက်ဖက်ရည်ပုံမှန်တစ်ခွက်။
私には素のモヒンガーひとつと普通の紅茶をひとつ。
B
ဟုတ်ကဲ့၊ ဒီဘက်ကအစ်ကိုကြီးကရော။
わかりました、こちらのお客様は?
C
လက်ဖက်ရည်ကျဆိမ့်တစ်ခွက်နဲ့ စမူဆာတစ်ပွဲ။
こってりめで甘さ普通の紅茶とサムサを一つ。
B
အစ်မကြီးက မုန့်ဟင်းခါးကို ဘာအကြော်နဲ့ စားမှာလဲ။
お客様はモヒンガーのトッピングは何になさいます?
A
ဟာ အလွတ်ပါဆိုမှ အကြော်မထည့်ဘူးလေ။
あら、素でって言っているんだから、揚げ物は入れないでしょ。
B
ဟုတ်ကဲ့ မှားသွားလို့။
そうでした、間違いました。
ခဏ စောင့်ပါ။
少々お待ち下さい。
C
ဟေ့ ဒီမှာ ခဏနေဦး။
ちょっとまだ待って。
မှာလို့ မပြီးသေးဘူးကွ။
まだ注文は終わってないよ。
အီကြာကွေးတစ်ချောင်းပါ ချပေး။
揚げパンをひとつも。
B
ဟုတ်ကဲ့ အားလုံး အဆင်ပြေစေရမယ်။
わかりました。全てご用意できます。
နောက်ထပ် ဘာမှာဦးမလဲ ခင်ဗျာ။
他に何をお召し上がりになりますか?
C
ဒါပဲ မြန်မြန်လေးသာ လုပ်ပေး။
これだけでいいから、早く持ってきてよ。

場所: 喫茶店

状況: 喫茶店で女性客2人がウェイターに注文する