LANG HOME

場所についてたずねる

Back
再生
 
  • အန်တီ ... ဒီအနီးတဝိုက်မှာ နိုင်ငံခြားကို ဖုန်းခေါ်လို့ရနိုင်မယ့် နေရာလေးများ မရှိဘူးလား ရှင့်။
    おばさん、この近くに国際電話をかけられるところはありますか?
  • ဘယ်အများသုံးတယ်လီဖုန်းကနေမဆို အလွယ်တကူ ခေါ်လို့ရပါတယ်။
    どの公衆電話からでもかけるのは簡単だよ。
  • ဒါပေမယ့် မိုးချုပ်ပြီဆိုတော့ အားလုံး သိမ်းကုန်ကြလောက်ပြီ။
    しかしもう日も暮れてきたから、店仕舞いしてる頃だね。
  • တခြားအဆင်ပြေနိုင်မယ့် နေရာရော မရှိတော့ဘူးလား။
    他にいい所はありませんかね?
  • ပုဂ္ဂလိကအငှားဖုန်းဆိုင်တွေကလည်း ဆက်လို့ ရပါတယ်။
    個人でやってる電話の店ならかけられますよ。
  • ဒါမှမဟုတ်ရင် အင်တာနက်ဆိုင်တွေကနေလည်း အချိန်မရွေး သုံးလို့ရပါတယ်။
    さもなければ、インターネットの店でもいつでもかけられます。
  • ရှေ့ နည်းနည်း ဆက်လျှောက်လိုက်ရင် အင်တာနက်ဆိုင်တွေ အများကြီး တွေ့ရလိမ့်မယ်။
    このまままっすぐ歩いていけば、インターネットの店がたくさんありますよ。
  • ဟုတ်ကဲ့။
    はい。
  • ကျေးဇူးအများကြီးတင်ပါတယ်။
    どうもありがとうございました。

© 東京外国語大学