LANG HOME

時間についてたずねる

Back
再生
 
  • ဟုတ်ကဲ့၊ ရန်ကုန်ဆေးခန်းကပါ။
    はい、ヤンゴン・クリニックです。
  • အမိန့်ရှိပါ၊ ရှင်။
    ご用件をどうぞ。
  • ဟယ်လို၊ ဒီနေ့ သွားဆရာဝန် ဒေါက်တာ ဦးမြဝင်း အချိန် ရှိသလားလို့ပါ။
    もしもし、今日は歯科のウー・ミャウィン先生の診察はありますか?
  • ကျွန်တော် သွား အရမ်း ကိုက်နေလို့. …
    歯がすごく痛むんです…。
  • ဒီနေ့ ဆရာဦးမြဝင်း နားရက်ပါ။
    今日はウー・ミャウィン先生はお休みです。
  • ဒီနေ့ ပြမှဖြစ်မယ်ဆိုရင်တော့ ညနေ လေးနာရီက ခြောက်နာရီအထိမှာ သွားအထူးကုပါမောက္ခ ဒေါက်တာ ဦးစိုင်း အချိန်ရှိပါတယ်။
    今日どうしても診察を受けたいということでしたら、夕方4時から6時まで、歯科専門医のウー・サイン先生が診察のご担当です。
  • ကျွန်တော်က ဆရာဦးမြဝင်းနဲ့ ပြနေကျပါ ခင်ဗျ။
    私はいつもウー・ミャウィン先生に診ていただいているんですよ。
  • ကျွန်မတို့ဆေးခန်းမှာ ဆရာဦးမြဝင်းက အင်္ဂါ၊ ကြာသပတေး ၂ ရက်ပဲ ထိုင်ပါတယ်။
    当クリニックではウー・ミャウィン先生の診察日は火曜日と木曜日の二日です。
  • ဒီနေ့ စနေနေ့ဆိုတော့ ဆရာ ထိုင်မယ့်ရက်က တော်တော်လိုပါသေးတယ်။
    今日は土曜日ですから、先生の診療日にはまだあります。
  • အရေးကြီးရင် တခြားဆေးခန်းမှာ ထိုင်တဲ့အချိန်ကို တစ်ချက်လောက် စုံစမ်းကြည့်ပါလား။
    緊急でしたら、どの診療所にいらっしゃるのか、調べてみてはいかがですか?
  • ရပါတယ်၊ မစုံစမ်းတော့ပါဘူး။
    いいえ、調べるのはやめておきます。
  • ဒီနေ့ ရှိတဲ့ ဆရာနဲ့ပဲ ပြတော့မယ်။
    今日いらっしゃる先生に診ていただこうと思います。
  • ကြိုတင် တုံကင် ယူဖို့ လိုပါသလား ခင်ဗျ။
    予約札を取っておく必要はありますか?
  • လိုပါတယ်။
    必要です。
  • နာမည်လေး တစ်ဆိတ်လောက် ပြောပေးပါ။
    お名前をいただけますか?
  • မောင်လွင်လို့ ခေါ်ပါတယ်။
    マウン・ルィンといいます。
  • လေးနာရီခွဲလောက် ဆေးခန်းကို အရောက် လာခဲ့ပေးပါ။
    4時半頃にクリニックへいらしたください。
  • ဟုတ်ကဲ့ပါ။
    わかりました。
  • ကျေးဇူးတင်ပါတယ်။
    どうもありがとう。

© 東京外国語大学