LANG HOME

注意をひく

Back
再生
 
  • ဟေ့ ... ဒီဘက်ကိုလာပါဦး။
    ねぇ、こっちに来て。
  • တို့ဝိုင်းကိုလည်း နည်းနည်း ရှင်းပေးဦး။
    このテーブルも片付けて。
  • ပြီးရင် တစ်ခါတည်းမှာမယ်။
    その後すぐに注文もね。
  • ဟုတ်ကဲ့၊ လာပါပြီ ခင်ဗျာ။
    はい、すぐ参ります。
  • ဘာသုံးဆောင်လိုပါသလဲ ခင်ဗျာ။
    何をお召し上がりになりますか?
  • ဘာတွေရနိုင်မလဲ။
    何があるの?
  • မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ လက်ဖက်ရည်၊ ကော်ဖီ၊ စမူဆာ၊ ပလာတာ၊ အီကြာကွေး၊ နံပြား ...
    モヒンガー、オンノカウスェ、紅茶、コーヒー、サムサ、プラター、揚げパン、ナン…
  • တို့ကို မုန့်ဟင်းခါးအလွတ်တစ်ပွဲနဲ့ လက်ဖက်ရည်ပုံမှန်တစ်ခွက်။
    私には素のモヒンガーひとつと普通の紅茶をひとつ。
  • ဟုတ်ကဲ့၊ ဒီဘက်ကအစ်ကိုကြီးကရော။
    わかりました、こちらのお客様は?
  • လက်ဖက်ရည်ကျဆိမ့်တစ်ခွက်နဲ့ စမူဆာတစ်ပွဲ။
    こってりめで甘さ普通の紅茶とサムサを一つ。
  • အစ်မကြီးက မုန့်ဟင်းခါးကို ဘာအကြော်နဲ့ စားမှာလဲ။
    お客様はモヒンガーのトッピングは何になさいます?
  • ဟာ အလွတ်ပါဆိုမှ အကြော်မထည့်ဘူးလေ။
    あら、素でって言っているんだから、揚げ物は入れないでしょ。
  • ဟုတ်ကဲ့ မှားသွားလို့။
    そうでした、間違いました。
  • ခဏ စောင့်ပါ။
    少々お待ち下さい。
  • ဟေ့ ဒီမှာ ခဏနေဦး။
    ちょっとまだ待って。
  • မှာလို့ မပြီးသေးဘူးကွ။
    まだ注文は終わってないよ。
  • အီကြာကွေးတစ်ချောင်းပါ ချပေး။
    揚げパンをひとつも。
  • ဟုတ်ကဲ့ အားလုံး အဆင်ပြေစေရမယ်။
    わかりました。全てご用意できます。
  • နောက်ထပ် ဘာမှာဦးမလဲ ခင်ဗျာ။
    他に何をお召し上がりになりますか?
  • ဒါပဲ မြန်မြန်လေးသာ လုပ်ပေး။
    これだけでいいから、早く持ってきてよ。

© 東京外国語大学